2025 April Intake
LS . Scholarship . ခိုင်းဂို၊ ကားစက်ပြင် စကောလာ လျှောက်လို့ရပါပြီ။
ဂျပန်နိုင်ငံသို့ပညာတော်သင်ဖြင့် လာရောက်မည့်သူများအနေဖြင့် စကောလား/ပညာသင်စရိတ်ထောက်ပံ့ကြေးဖြင့် လာရောက်မည့်သူနှင့် မိမိစရိတ်ဖြင့် ပညာတော်သင်ရန်လာရောက်မည့်သူ ဆိုပြီး ကြိုတင်ပြင်ဆင်ရန် လိုအပ်သည့်စာရွက်စာတမ်းနှင့် လုပ်ဆောင်ရမည့်အဆင့်များ လိုက်နာရမည့်အချက်များ ကွာခြားမှုရှိပါသည်။
01 | 「စကောလား ရှင်းလင်းပွဲ တက်ရောက်ပြီး」 စကောလား လျှောက်ထားခြင်း April နှင့် October အတန်းတို့ကို လျှောက်ထားနိုင်သည်။ 「မိဘအုပ်ထိန်းသူမှ သဘောတူပြီး၊ စကောလားအစီအစဥ်ကို အမှန်တကယ်စိတ်ဝင်းစားကာ သတ်မှတ်စည်းကမ်းများကို သဘောတူလက်ခံနိုင်ရမည်」 |
▼ | |
02 | 「စာရွက်စာတမ်းနှင့်အရည်အချင်းစစ်ဆေးခြင်း」 ပထမအကြိမ် အင်တာဗျူး ပထမအကြိမ် အင်တာဗျူးအောင်သူများ IMGreen တွင် Online သင်တန်းတက်ရမည်။(အခမဲ့) |
▼ | |
03 | 「သင်တန်းတွင်ရိုးသားကြိုးစားပြီး သတ်မှတ်စည်းကမ်းလိုက်နာသူကိုသာ ဒုတိယအကြိမ်အင်တာဗျူးမည်」 ဒုတိယအကြိမ် အင်တာဗျူး |
▼ | |
04 | 「ဒုတိယအကြိမ်အင်တာဗျူးအောင်ပြီး ရွေးချယ်ခံထားရသူများကို」 ဂျပန်နိုင်ငံရှိ ကျောင်းမှ အင်တာဗျူး(တတိယအကြိမ်) |
▼ | |
05 | 「ဂျပန်နိုင်ငံကျောင်းမှ အင်တာဗျူးအောင်ပြီး ရွေးချယ်ခံထားရသူများကို」 စကောလားပေးအပ်မည့် အဖွဲ့အစည်းမှ အင်တာဗျူး |
▼ | |
06 | 「စကောလားပေးအပ်မည့်အဖွဲ့အစည်း အင်တာဗျူးအောင်ပြီး ရွေးချယ်ခံထားရသူများ၏ မိဘအုပ်ထိန်းသူနှင့်တွေ့ဆုံခြင်း」 မိဘအုပ်ထိန်းသူမှ အာမခံခြင်း |
▼ | |
07 | 「လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ပြီးနောက်」 ဗီဇာလျှောက်ထားခြင်း 「ဗီဇာလျှောက်ထားနေချိန်ကာလတွင် IMGreen မှ သင်ကြားမှုများကို ဆက်လက်တက်ရောက်နေရမည်။」 စည်းကမ်းမလိုက်နာသူများကို သင်တန်းမှထုတ်ပြီး ဗီဇာလျှောက်ထားခြင်းကို ပယ်ဖျက်မည်။ |
▼ | |
08 | 「COE အောင်မြင်ပြီးနောက် ဂျပန်နိုင်ငံသို့ထွက်ခွာရန်ပြင်ဆင်ခြင်း」 သံရုံးဗီဇာလျှောက်ထားခြင်း 「သံရုံးဗီဇာလျှောက်ထားချိန်တွင် PV အမျိုးအစားပါ့စပို့အဆင်သင့်ရရှိပြီးဖြစ်နေရမည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းချိန်အမှီဂျပန်နိုင်ငံသို့ မသွားရောက်နိုင်ပါက ကျောင်းထုတ်ပယ်ခြင်းခံရနိုင်သည်။ |
▼ | |
09 | 「သံရုံးဗီဇာရရှိပြီးနောက်」 ဂျပန်နိုင်ငံသို့ ထွက်ခွာခြင်း 「IMGreen မှသတ်မှတ်ထားသော နေ့ရက်အချိန်တွင် ထွက်ခွာနိုင်ရမည်။ မိမိအစီအစဥ်ဖြင့် သွားရောက်ရန်ခွင့်မပြုပါ။」 |
▼ | |
10 | 「ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက်」 ဂျပန်နိုင်ငံတွင်ပညာသင်ကြားခြင်း 「မိမိရယူထားသော စကောလားအလိုက် ဂျပန်ဘာသာသင်ကျောင်း/ကောလိပ်/တက္ကသိုလ်/စကောလားပေးအပ်သည့်အဖွဲ့များမှ ပေးအပ်သောနေထိုင်ရမည့် အဆောင်နေရာတွင်နေထိုင်ရမည်။」 「ပညာသင်ကြားနေချိန်တွင် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများ မလိုက်နာခြင်းသူများ၊ ကြိုးစားမှုမရှိဟုသတ်မှတ်ခံသူများ စကောလားပေးအပ်ခြင်းကို ရပ်ဆိုင်းပြီး ကျောင်းထုတ်ခံရမည်။」 |
▼ | |
11 | 「ပညာသင်ကာလပြီးနောက်」 အလုပ်တာဝန်ထမ်းဆောင်ခြင်း 「မိမိအား စကောလားပေးအပ်သည့်အဖွဲ့များတွင် ဆက်လက်တာဝန်ထမ်းဆောင်ရမည်။ ပညာသင်ကာလပြီးဆုံးပြီးနောက် တာဝန်ထမ်းဆောင်ရန် မလိုအပ်သူများအတွက် IMGreen Jobs in Japan မှ အလုပ်အကိုင်မိတ်ဆက်ပေးပါမည်။」 「တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီး သတ်မှတ်အလုပ်စည်းကမ်းကို လိုက်နာကြရမည်」 |
12 | ကျောင်းအပ်ရန် ကြိုတင်ပြင်ဆင်ချိန်(2025-4)လပိုင်းအတန်း စကောလားကို (2024-4လ မှ 7လကြား)တွင်လက်ခံမည်။ (2025-10)လပိုင်းအတန်း စကောလားကို (2024-10လ မှ 2025-1လကြား)တွင်လက်ခံမည်။ |
01 | 「ပညာတော်သင် ရှင်းလင်းပွဲ တက်ရောက်ပြီး」 ပညာတော်သင် လျှောက်ထားခြင်း April နှင့် October အတန်းတို့ကို လျှောက်ထားနိုင်သည်။ 「စပွန်ဆာပေးမည့် မိဘအုပ်ထိန်းသူမှ သတ်မှတ်စည်းကမ်းများကို သဘောတူပြီး ကျောင်းလျှောက်ထားခြင်းကို ဆောင်ရွက်မည်။」 |
▼ | |
02 | 「စာရွက်စာတမ်းနှင့်အရည်အချင်းစစ်ခြင်း」 ပထမအကြိမ် အင်တာဗျူး ပထမအကြိမ် အင်တာဗျူးအောင်သူများ IMGreen တွင် Online သင်တန်းတက်ရမည်။ |
▼ | |
03 | 「မိမိတက်ရောက်လိုသောကျောင်းမှစာတွေ့/လူတွေ့အင်တာဗျူး」 ဂျပန်နိုင်ငံရှိ ကျောင်းမှ အင်တာဗျူး |
▼ | |
04 | 「ဒုတိယအကြိမ်အင်တာဗျူးခွင့် တောင်းဆိုခြင်း」 ဒုတိယအကြိမ်အင်တာဗျူးခြင်း ဂျပန်နိုင်ငံကျောင်း၏ ပထမအကြိမ်အင်တာဗျူးဖြေဆိုရာတွင် အမျိုးမျိုးကြောင့် မအောင်ခဲ့လျှင် ဒုတိယအကြိမ်အင်တာဗျူးခွင့်တောင်းဆိုနိုင်သည်။ သို့မဟုတ် အခြားကျောင်းတွင်ပြောင်းရွေ့လျှောက်ထားနိုင်သည်။ သို့မဟုတ် ကျောင်းဝင်ကာလပြောင်းလဲနိုင်သည်။ |
▼ | |
06 | 「ဂျပန်ကျောင်း အင်တာဗျူးအောင်မြင်ပြီးသူ」 စာရွက်စာတမ်းပြင်ဆင်ခြင်း 「ကျောင်းသားတဦးချင်းစာရွက်စာတမ်း လိုအပ်ချက်များအလိုက် IMGreen မှ Onestop Service ဝန်ဆောင်မှုကို ရယူနိုင်သည်။ ဥပမာ- စပွန်စာပေးမည့်သူ၏ ပိုင်ဆိုင်မှု၊ လုပ်ငန်း၊ ဘဏ် စသည့်အထောက်အထား စာရွက်စာတမ်းများ」 |
▼ | |
07 | 「လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ပြီးနောက်」 COE လျှောက်ထားခြင်း 「COE လျှောက်ထားချိန် ၃-လမှ ၄-လခန့် ကြာမြင့်နိုင်သည်။ ဗီဇာလျှောက်ထားနေချိန်ကာလတွင် IMGreen မှ သင်ကြားမှုများကို ဆက်လက်တက်ရောက်နိုင်သည်။」 |
▼ | |
08 | 「COE အောင်မြင်ပြီးနောက် ဂျပန်နိုင်ငံသို့ထွက်ခွာရန်ပြင်ဆင်ခြင်း」
ကျောင်းလခပေးသွင်းခြင်း 「ကျောင်းလခကို မိမိအစီအစဥ်ဖြင့်လည်း ပေးသွင်းနိုင်သည်။ နေထိုင်မည့်အခန်း/အဆောင်ရွေးချယ်ခြင်း 「မိမိနေထိုင်မည့်နေရာကို မိမိအစီအစဥ်ဖြင့်ပြုလုပ်နိုင်သည်။ သို့မဟုတ် ကိုယ်ပိုင်အခန်းဌားရမ်းပြီးနေထိုင်လိုပါကလည်း IMGreen မှ သီးသန့်ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးမည်။ ကျောင်းရှိအဆောင်တွင်လည်း နေထိုင်ရန်ရွေးချယ်နိုင်သည်။ သံရုံးဗီဇာလျှောက်ထားခြင်း 「သံရုံးဗီဇာလျှောက်ထားချိန်တွင် PV အမျိုးအစားပါ့စပို့အဆင်သင့်ရရှိပြီးဖြစ်နေရမည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းချိန်အမှီဂျပန်နိုင်ငံသို့ မသွားရောက်နိုင်ပါက ကျောင်းထုတ်ပယ်ခြင်းခံရနိုင်သည်။ |
▼ | |
09 | 「သံရုံးဗီဇာရရှိပြီးနောက်」 ဂျပန်နိုင်ငံသို့ ထွက်ခွာခြင်း 「IMGreen မှ ကြိုတင်သတ်မှတ်ထားသော နေ့ရက်အချိန်တွင် ကျောင်းသားများစုပေါင်းထွက်ခွာပြီး ကြိုဆိုပေးမည်။ သို့မဟုတ် မိမိအစီအစဥ်ဖြင့်သွားရောက်နိုင်သည်။ သီးခြားဝန်ဆောင်မှုများကိုလည်းရယူနိုင်သည်။」 |
▼ | |
10 | 「ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက်」 ပညာသင်ကြားခြင်း 「မိမိတက်ရောက်နေသော ဂျပန်ဘာသာသင်ကျောင်း/ကောလိပ်/တက္ကသိုလ်များ၏ ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို လိုက်နာခြင်းမရှိလျှင် ကျောင်းထုတ်ခံရနိုင်သည်။」 |
▼ | |
11 | အချိန်ပိုင်းအလုပ် မိတ်ဆက်ပေးခြင်း 「ပညာသင်ကြားနေစဥ် အချိန်ပိုင်းအလုပ်လုပ်ကိုင်လိုသူများကို IMGreen Jobs in Japan မှ အချိန်ပိုင်းအလုပ်များကို မိတ်ဆက်ပေးပါမည်။ မိမိတက်ရောက်နေသောကျောင်းမှလဲ အလုပ်မိတ်ဆက်ပေးမည်။」 ဂျပန်စာသင်ကျောင်းပြီးနောက် ကောလိပ်/တက္ကသိုလ်တက်ရောက်ရန် မိတ်ဆက်ပေးခြင်း 「မိမိတက်ရောက်လိုသော ဘာသာရပ်အလိုက် ကောလိပ်/တက္ကသိုလ်များကို IMGreen နှင့် ကျောင်းမှမိတ်ဆက်လမ်းညွှန်ပေးပါမည်။」 အလုပ်ဗီဇာသို့ ပြောင်းလိုသူများ 「ကျောင်းပြီးနောက်တွင်၄င်း၊ ကျောင်းမပြီးခင်အချိန်တွင်၄င်း အလုပ်ဗီဇာသို့ပြောင်းလိုသူများကိုလည်း IMGreen မှ အလုပ်အကိုင် မိတ်ဆက်ပေးခြင်း၊ ဗီဇာပြောင်းလဲလျှောက်ထားရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။」 |
12 | ကျောင်းအပ်ရန် ကြိုတင်ပြင်ဆင်ချိန်(2025-4)လပိုင်းအတန်းအတွက် (2024-4လမှ10လထိ)လျှောက်ထားနိုင်သည်။ (2025-10)လပိုင်းအတန်းအတွက် (2024-10လမှ2025-4လထိ)လျောက်ထားနိုင်သည်။ |
01 | အီးမေးလ်လိပ်စာ ဖြည့်ပါ။ |
02 | မိမိအီးမေးလ်သို့ imgeen Japan Jobs မှ ပေးပို့လာသော မေးလ်တစောင်ရောက်လာပါမယ်။ မေးလ်ထဲမှလင့်ကိုဖွင့်ပြီး ဖောင်ဖြည့်ပါ။ |
03 | အချက်အလက်များဖြည့်ပြီး submit/ပို့မည်ကိုနှိပ်ပြီးဖောင်ကို ပို့လိုက်ပါ။ မိမိ၏ ကိုယ်ပိုင်အကောင့်တခုကိုရရှိပြီ ဖြစ်ပါတယ်။ |
04 | မိမိအကောင့်ထဲသို့ ဝင်ရန် Login ကိုနှိပ်ပါ။Click to Login |
05 | မိမိအကောင့်ထဲမှ လျှောက်ထားလိုသော ကျောင်း/အလုပ်/တက်ရောက်လိုသော သင်တန်းတို့ကို ရွေးချယ်လျှောက်ထားနိုင်ပါပီ။ |
Established & 設立 ♦ 2012年3月
License & 許可
Tel / Fax & 連絡先
Address & 神戸本社
♦ 神戸市西区玉津町上池274-2